စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Karen Huang

ပီဇာမှတစ်ဆင့်လာသော သနားခြင်း ကရုဏာ

ကျွန်မ၏အသင်းတော်ခေါင်းဆောင် Harold (ဟယ်ရယ်)နှင့် သူ၏ဇနီး Pam (ပမ်း) တို့မှ ညစာစားရန် ဖိတ်ခေါ်ခြင်းက ကျွန်မ ရင်ထဲ နွေးထွေးသွားစေသော်လည်း ကျွန်မအား စိုးရိမ်မှုကိုလည်း ဖြစ်စေသည်။ ကျွန်မသည် ကောလိပ်၌ သမ္မာကျမ်းစာ လေ့လာရေးအဖွဲ့တစ်ခုတွင် ပါဝင်နေခဲ့ပြီး၊ ၎င်းတို့သည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်သော အတွေးအခေါ်အချို့ကို သွန်သင်နေသည့်အဖွဲ့ဖြစ်သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ ငါ့ကိုပြောဆိုကြမှာလား” ဟုတွေးမိသည်။

ပီဇာ စားကြပြီး သူတို့၏မိသားစုအကြောင်း ဝေမျှကြကာ၊ ကျွန်မအကြောင်းကိုလည်း မေးကြသည်။ ကျောင်းအိမ်စာအကြောင်း၊ ကျွန်မခွေးလေး Buchi (ဘူချီ)နှင့် ကျွန်မတိတ်တခိုးစိတ်ဝင်စားခဲ့သူအကြောင်း ပြောပြနေစဉ်၊ သူတို့နားထောင်ခဲ့သည်။ ခဏကြာမှသာလျှင် သူတို့သည် ကျွန်မတက်ရောက်နေသည့် အုပ်စုအကြောင်းကို ကျွန်မအား နူးညံ့စွာ သတိပေးပြီး၊ ၎င်း၏သင်ကြားမှုများ၏ မည်သည့်အရာများ မှားယွင်းနေသည့်အကြောင်းကို ရှင်းပြခဲ့သည်။

သူတို့၏သတိပေးချက်သည် ထိုသမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်မှ တင်ပြသော အလိမ်အညာများနှင့် ကျွန်မအား ဝေးကွာစေခဲ့ပြီး၊ သမ္မာကျမ်းစာမှ သမ္မာတရားများနှင့် ကျွန်မအား နီးကပ်စေခဲ့သည်။ သူ၏စာထဲတွင်…

ဘုရားသခင်က ရွေးခေါ်ပြီး ပြင်ဆင်ပေးသည်

“နိုင်ငံတကာစာအုပ်ပြပွဲအတွက် မင်းရဲ့အလုပ်က သင့်တော်တဲ့နေရာမှာ ရေဒီယို အသံလွှင့်မှုကို စီစဉ်ဖို့ပဲ”ဟု ကျွန်မ၏ အလုပ်ရှင်က ပြောခဲ့သည်။ ကျွန်မအတွက် နယ်ပယ်သစ်ဖြစ်နေ၍ ကျွန်မ ကြောက်ရွံ့မိသည်။ “ဘုရားသခင်၊ ကျွန်မ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ”ဟု ဆုတောင်းခဲ့သည်။

ဘုရားသခင်သည် ကျွန်မအား လမ်းပြခဲ့ပြီး၊ အတွေ့အကြုံရှိ နည်းပညာရှင်များ၊ ရေဒီယိုမှဟောပြောဆွေးနွေးသူများ၊ ပြပွဲအတွင်း ကျွန်ုပ်သတိမမူမိသော အသေးစိတ်အချက်အလက်များကို သတိပေး နှိုးဆော်ခြင်းများ စသည့် လိုအပ်သောအရာများနှင့် လူများကို ပြင်ဆင်ပေးသည်။ ပြန်လည်စဥ်းစား ဆင်ခြင်ရာတွင်၊ မည်သည့်အရာများ လိုအပ်သည်ကို ဘုရားသခင်သည် သိရှိပြီး ကျွန်မအား သူပေးထားသည့် ကျွမ်းကျင်မှုများကို အသုံးပြုရန် လှုံ့ဆော်ပေးသောကြောင့် ထုတ်လွှင့်မှုသည် ကောင်းမွန်စွာ ပြီးမြောက်သွားသည်ကို ကျွန်မသိပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား အလုပ်တစ်ခု လုပ်ရန် ခေါ်သောအခါ၊ ထိုအလုပ်အတွက် လိုအပ်သောအရာများကို ကျွန်ုပ်တို့အား ပြင်ဆင်ပေးထားသည်။ တဲတော်၌ ဗေဇလေလကို…

ကျွန်ုပ်တို့၏လိုအပ်ချက်များကို ဘုရားရှင်သိသည်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ် Jeepney (ဂျစ်ဖ်နီ) ယာဉ်မောင်းသူ Lando (လန်ဒို)သည် လမ်းဘေးကော်ဖီဆိုင်တွင် ကော်ဖီ‌ကို တစ်ကြိုက်တည်း မော့ချလိုက်သည်။ ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုအပြီးတွင် နေ့စဉ်သွားလာလှုပ်ရှားသူများ ပြန်လည်လှုပ်ရှားသွားလာနေကြပြီဖြစ်သည်။ “ဒီနေ့က အားကစားပွဲရှိတယ်ဆိုတော့ စီးတဲ့သူတွေများမှာပဲ။ ဝင်ငွေ ပြန်ရှိတော့မှာမို့ ငါ့အနေနဲ့ စိုးရိမ်စရာမလိုတော့ဘူး” ဟု သူတွေးနေခဲ့သည်။

သူစတင်ကားထွက်မည်အပြုတွင် အနီးအနားရှိ ခုံတန်းတွင် လမ်းသန့်ရှင်းရေး လုပ်သား Ronnie (ရော်နီ)ကို သူတွေ့လိုက်သည်။ ရော်နီ့ကို ကြည့်ရသည်မှာ အခက်အခဲဖြစ်နေပုံရပြီး၊ စကားပြောချင်နေပုံပေါ်သည်။ သို့သော် “မိနစ်တိုင်းက တန်ဖိုးရှိတယ်။ ခရီးသည်များလေလေ ဝင်ငွေများမယ်။ ငါအချိန်ဆွဲနေလို့မရဘူး” ဟု လန်ဒို တွေးခဲ့သည်။ သို့သော် ဘုရားသခင်သည် သူ့အား ရော်နီ့ထံ သွားစေလိုသည်ဟု သူခံစားခဲ့ရသည်။ သို့နှင့် သူသွားခဲ့သည်။

မစိုးရိမ်ရန် ကြိုးစားရသည်မှာ မည်မျှခက်ခဲကြောင်း သခင်ယေရှုသိ‌သောကြောင့် ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင် အဘသည်ကျွန်ုပ်တို့လိုအပ်နေသမျှကို သိနေကြောင်း အာမခံခဲ့သည် (မ…

ခရစ်တော်အတွက် နှလုံးသားတစ်ခု

မင်းပါးစပ်ပိတ်ထားသရွေ့ မင်းဘာအမှားမှ လုပ်မှာ မဟုတ်ဘူးဟု ကိုယ်ကိုယ်ကိုပြောခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏စကားကြောင့် နားလည်မှုလွဲခဲ့ပြီးနောက် သူမအပေါ်ကျွန်မ၏ဒေါသကို အပြင်ပန်း၌ ချုပ်တည်းခဲ့သည်။ သူမနှင့် နေ့စဉ်နှင့်အမျှ တွေ့ရသောကြောင့် သူမနှင့်ဆက်ဆံမှုကို ကန့်သတ်ထားရန် (အသံတိတ်ပြုမူခြင်းဖြင့် လက်တုံ့ပြန်ရန်) ကျွန်မဆုံးဖြတ်ခဲ့သည်။ တိတ်ဆိတ်သောပြုမူပုံသည် အဘယ်သို့ မှားနိုင်အံ့နည်း။

သခင်ယေရှုက အပြစ်သည် နှလုံးထဲက ထွက်လာ၏ (မ ၁၅:၁၈-၂၀)ဟု ဆိုခဲ့သည်။ ကျွန်မ၏တိတ်ဆိတ်မှုသည် အားလုံးကောင်းနေသည်ဟု လူအများကို လှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုတော့ မလှည့်စားနိုင်ပါ။ ဒေါသနှင့်ပြည့်နေသောနှလုံးသားကို ကျွန်မဖုံးကွယ်ထားသည်ကို ကိုယ်တော်သိသည်။ ကျွန်မသည် ဘုရားသခင်ကိုနှုတ်ခမ်းဖြင့် ချီးမွမ်းသော်လည်း နှလုံးသားများကကိုယ်တော်နှင့် ဝေးကွာနေသည့် ဖာရိရှဲများနှင့် (:၈) တူနေသည်။ ကျွန်မ၏ အပြင်ပန်းသွင်ပြင်သည် ကျွန်မ၏ခံစားချက်အစစ်အမှန်ကို မဖော်ပြသော်လည်း ခါးသီးမှုက ကျွန်ုပ်ရင်ထဲ၌ အကျိတ်အခဲဖြစ်နေသည်။ ကောင်းကင်ဘုံရှင်အဘနှင့် အစဉ်အမြဲ တွေ့ကြုံခံစားခဲ့ရသော ပျော်ရွင်မှုနှင့် ရင်းနှီးမှုများ ကွယ်ပျောက်ခဲ့ပြီ။ အပြစ်ကို ပျိုးထောင်ခြင်းနှင့် ဖုံးကွယ်ခြင်းသည် ဤကဲ့သို့…

သခင်ယေရှု ရပ်တန့်သောအခါ

ကျွန်မအလုပ်လုပ်သည့်နေရာအနီး သေတ္တာပုံးထဲတွင် နေမကောင်းသောကြောင်လေးက ကွေးနေပြီး‌ အော်နေခဲ့သည်။ လမ်းမပေါ်တွင် စွန့်ပစ်ခံထားရသော ကြောင်လေးကို ဂျွန် (Jun) မ‌တွေ့မီအထိ ဖြတ်သွားသောသူ အများအပြားက သတိမပြုမိခဲ့ပေ။ လမ်းဘေးတံမြက်စည်းလှည်းသမား ဂျွန် သည် ယခင်က ခွေးလေခွေးလွင့် နှစ်ကောင်ကိုလည်း သူ့အိမ်၌ စောင့်ရှောက်ထားပြီး ထို‌ကြောင်ကိုလည်းအိမ်သို့ ခေါ်သွားခဲ့သည်။

“ဘယ်သူမှ သတိမပြုမိတဲ့ သတ္တဝါတွေ့ဖြစ်လို့ သူတို့ကို ကျွန်ုပ်စောင့်ရှောက်ဂရုစိုက်တာပါ။ သူတို့ကိုကြည့်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်မြင်မိတယ်။ လမ်းဘေး တံမြက်စည်းလှည်းသမားတစ်ယောက်ကို ဘယ်သူမှ သတိမထားမိဘူးလေ” ဟု ဂျွန် က ပြောသည်။ “

ယေရုရှလင်မြို့သို့ သခင်ယေရှုသွားသည့်ခရီးလမ်း၌ ယေရိခေါမြို့သို့ကြွတော်မူစဥ် မျက်မမြင်တစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားနေသည်။ မည်သူမှသူ့ကို သတိမထားမိဟု သူလည်း ခံစားရသည်။ အထူးသဖြင့် ထိုနေ့တွင် အားလုံး ခရစ်တော်ကိုသာအာရုံစိုက်ကြပြီး ဖြတ်သန်းသွားသည့် လူအုပ်ကြီးကလည်း မည်သူမျှရပ်ပြီး ထိုသူတောင်းစားကို မကူညီကြပေ။…

သခင်ယေရှု၌ အရွယ်ရောက်လာခြင်း

ကျွန်မကလေးဘဝက အရွယ်ရောက်ပြီးသူများသည် ပညာရှိပြီး မရှုံးနိုင်သူများဟု ထင်မြင်ခဲ့ပါသည်။ “ဘာလုပ်ရမည်ကို သူတို့အမြဲသိနေသည်၊ တစ်နေ့ ကျွန်မကြီးပြင်းအရွယ်ရောက်လာချိန်တွင် ကျွန်မ ဘာလုပ်ရမည်ကို ကျွန်မအမြဲသိမည်” ဟု ထင်မှတ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီး ထို “တစ်နေ့” ရောက်လာသောအခါ၊ ကျွန်မသင်ယူမိသမျှမှာ အချိန်များစွာတွင် ကျွန်မဘာလုပ်ရမည်ကို မသိသေးခြင်းပင်ဖြစ်သည်။ မိသားစုတွင် ဖျားနာသည်ဖြစ်စေ၊ အလုပ်ခွင်တွင် ပြဿနာများရှိသည်ဖြစ်စေ၊ သို့မဟုတ် ဆက်ဆံရေးတွင် ပဋိပက္ခရှိသည်ဖြစ်စေ၊ ထိုသို့သော အချိန်များတွင် ကိုယ်ပိုင်ထိန်းချုပ်မှုနှင့်ခွန်အားတို့သည် လှည့်စားမှုပါလားဟူ၍ ရုန်းကန်လုံးပမ်းခဲ့ရပြီး၊ မျက်လုံးစုံမှိတ်ကာ “သခင်၊ ကူညီတော်မူပါ။ ကျွန်မဘာလုပ်ရမှန်းမသိပါ” ဟု တိုးတိုးလေး ‌ရေရွတ်ဆုတောင်းရသည့် ထွက်ပေါက်တစ်ခုသာ ‌ကျန်ရှိသည်

တမန်တော်ရှင်ပေါလုသည် ‌မျှော်လင့်ချက်မဲ့သောခံစားချက်ကို နားလည်သည်။ ကိုယ်ခန္ဓာဆိုင်ရာ အားနည်းမှုဖြစ်စေသည့် သူ၏ဘဝတွင်ရှိသော “ဆူး”က သူ့ကိုစိတ်ပျက်အားလျော့စေပြီး နာကျင်မှုများစွာ ခံစားခဲ့ရပါသည်။ သို့သော်၊ ထိုဆူးမှတစ်ဆင့် ပေါလုသည် သူ၏ အခက်အခဲများကို ခံနိုင်ရည်ရှိပြီး ကျော်လွှားရန်အတွက် လုံလောက်သော…

သခင်ယေရှု၌ ဇွဲကောင်းခြင်း

လွန်ခဲ့သည့်နှစ်များစွာက ကျွန်မကျမ်းစာကျောင်းတက်စဉ် အပတ်စဉ် ဝတ်ပြုစည်းဝေးကို တက်ကြရသည်။ တစ်ခုသောဝတ်ပြုချိန်တွင် ကျောင်းသားများက ‘Great Is the Lord’ (ကိုယ်တော်သည် ကြီးမြတ်တော်မူ) သီချင်းကို ကျူးဧနေစဉ် ‌ကျောင်းသားများချစ်သော ပါမောက္ခ သုံးဦးလည်း စိတ်အားထက်သန်စွာ လိုက်ပါဆိုနေသည်ကို ကျွန်မတွေ့လိုက်သည်။ သူတို့၏မျက်နှာထက်တွင် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ရရှိလာသည့် ဝမ်းမြောက်မှုတို့ ဖြာထွက်နေသည်။ နှစ်များစွာ ကုန်လွန်ပြီးနောက် သူတို့တစ်ယောက်စီသည် ဆိုးရွားသော ဖျားနာမှုကို ခံစားနေရချိန်၌ ခံနိုင်ရည်ရှိပြီး အခြားသူများကို နှစ်သိမ့်ပေးနိုင်ခြင်းမှာ ထိုယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။

ယနေ့ အမှုရေးများနှင့် ကျွန်မ ကြုံရချိန်တွင် ဆရာများ၏သီချင်းဆိုပုံ အမှတ်တရက ရှေ့ဆက်နိုင်ရန် တွန်းအားပေးသည်။ ကျွန်မအတွက် သူတို့သည် အတုယူဖွယ်ရာ ယုံကြည်ခြင်းနှင့်သာ ရှင်သန်ခဲ့သူအချို့ဖြစ်သည်။ ဟေဗြဲသြဝါဒစာ ၁၂:၂-၃ တွင် ဖော်ပြထားသကဲ့သို့ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံသော”…

ကျွန်ုပ်၏ဘုရားသည် အနီးအပါးတွင် ရှိသည်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အသံပိုင်းဆိုင်ရာ ဆရာမ လော်ဒက်စ်သည် တပည့်များအား အနှစ် (၃၀) ကျော်မျှ မျက်နှာချင်းဆိုင် သင်ကြားခဲ့သည်။ အွန်လိုင်းသင်တန်းပေးရန် ဖြစ်လာသည့်အခါ “ကျွန်မ ကျွန်ပြူတာ မကျွမ်းကျင်ဘူး။ ကျွန်မ လက်ပ်တော့ပ် က ဟောင်းနေပြီ။ ကျွန်မက ဗီဒီယိုမှဆွေးနွေးသင်ကြားတဲ့ ဆော့ဖ်ဝဲလ်တွေကိုလည်း မကျွမ်းကျင်ဘူး” ဟု စိုးရိမ်ခဲ့သည်။ အချို့အတွက် အသေးအမွှားကိစ္စဖြစ်သော်လည်း သူမအတွက်တော့ တကယ်စိတ်ဖိစီးခဲ့ရသည်။ “ကျွန်မက တစ်ယောက် တည်းနေတာ၊ ကူပေးမယ့်သူ မရှိဘူး။ ‌ကျောင်းသားတွေ သင်တန်းက ထွက်ကုန်မှာ ကျွန်မ စိတ်ပူခဲ့တယ်။ ပြီးတော့ ကျွန်မက အဲ့ဒီဝင်ငွေကို လိုအပ်တယ်” ဟု ပြောသည်။

သင်တန်းချိန် မစမီတိုင်းတွင် လော်ဒက်စ်သည် သူ၏ကွန်ပြူတာကောင်းစွာအလုပ်လုပ်ရန် ဆုတောင်းသည်။ “ကွန်ပြူတာဖန်သားပြင်တွင် ဖိလိပ္ပိဩဝါဒစာ ၄:၅-၆ ကို တင်ထားကာ ကျွန်မ အဲ့ဒီ့ကျမ်းပိုဒ်ကို ဖက်တွယ်ထားတယ်” ဟု…

ဘုရားသခင် သင့်ကို မမေ့ပါ

ငယ်ငယ်က တံဆိပ်ခေါင်းများ စုဆောင်းခဲ့သည်။ ကျွန်မ၏ အန်ကွန် (angkong) (တရုတ်ဒေသခံစကားတစ်ခုဖြစ်သည့် ဖူကီနီးစ်လို “အဖိုး”) သည် ကျွန်မ၏ဝါသနာကိုသိသောအခါ၊ သူ့ရုံးဝင်စာမှ တံဆိပ်ခေါင်းများကို သူနေ့တိုင်း စုသိမ်းပေးခဲ့သည်။ အဘိုးအဘွားများထံ အလည်သွားတိုင်း အန်ကွန်က ကျွန်မအား တံဆိပ်ခေါင်းလှလှလေးများ အမျိုးစုံစွာ ထည့်ထားသည့်စာအိတ်ကို ပေးသည်။ အဖိုးက “ငါအမြဲအလုပ်များနေပေမယ့် မင်းကိုတော့ မမေ့ဘူး” ဟု တစ်ခါပြောဖူးသည်။

အန်ကွန် သည် ကျွန်မကိုချစ်ကြောင်း လူသိရှင်ကြား မဖော်ပြသော်လည်း သူချစ်သည်ကို ကျွန်မနက်ရှိုင်းစွာခံစားခဲ့ရသည်။ အတိုင်းအဆမဲ့ နက်နဲစွာဖြင့် ဘုရားသခင်သည် “သင့်ကို ငါမမေ့လျော့” (ဟေရှာ ၄၉:၁၅) ဟုအတိအလင်း ပြောပြီး ဣသရေလလူမျိုးတို့အား သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည်။ လွန်ခဲ့သောအတိတ်က ရုပ်တုကိုးကွယ်မှုနှင့် မနာခံမှုတို့ကြောင့် ဗာဗုလုန်တွင် ဆင်းရဲဒုက္ခခံနေရသောကြောင့် ဘုရားလူမျိုးတော်က “ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ” (:၁၄) ဟုမြည်တမ်းခဲ့ကြသည်။ သို့သော် သူ့လူများအပေါ်…

ဘုရားသခင်ကို ယုံကြည်ခြင်း

ဆေးဝါးနှစ်ခုကို ကျွန်မ အရေးတကြီး လိုအပ်ခဲ့သည်။ တစ်ခုက အမေ၏ ဓာတ်မတည့်မှုအတွက်ဖြစ်ပြီး၊ နောက်တစ်ခုက တူမလေး၏နှင်းခူနာအတွက်ဖြစ်သည်။ သူတို့၏ မသက်မသာဖြစ်မှုက ပိုဆိုးလာပြီး ဆေးဆိုင်တွင်လည်း ထိုဆေးဝါးများ ပြတ်နေခဲ့သည်။ စိုးရိမ်ပြီး ကူကယ်ရာမဲ့စွာနှင့် “အရှင်ဘုရား၊ သူတို့ကို ကယ်မတော်မူပါ” ဟု ကျွန်မ ထပ်ခါထပ်ခါဆုတောင်းနေခဲ့မိသည်။

ရက်ပေါင်းများစွာကြာပြီးနောက် သူတို့၏အခြေအနေများသည် ထိန်းချုပ်နိုင်သည့်အနေအထားသို့ ‌ရောက်လာသည်။ “ဆေးဝါးတွေကို အသုံးပြုပြီး ငါကုသပေးနေတဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ဆေးဝါးက နောက်ဆုံးအဖြေ မဟုတ်ဘူး။ ရလဒ်ကိုပေးတာ ငါပဲ။ ဆေးဝါးကိုပဲ အားကိုးမနေနဲ့။ ငါ့ကိုပဲ ယုံကြည်ပါ” ဟု ဘုရားရှင် ကျွန်မကို ပြောနေသယောင်ပင်။

ဆာလံ ၂၀ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အပေါ်ယုံကြည်ကိုးစားနိုင်မှုမှ နှစ်သိမ့်သက်သာမှုကို ရယူခဲ့သည်။ ဣသရေလလူမျိုးတွင် ခွန်အားကြီး သောစစ်တပ်ရှိသော်လည်း သူတို့၏အကြီးမားဆုံးသောခွန်အားသည် “ထာဝရ ဘုရား၏နာမတော်” မှလာကြောင်း သူတို့သိသည်…